Miracle Box အသုံးပြုနည်း (For Beginner )
MTK
devices တော်တော်များများ အတွက် အဆင်ပြေလွန်းလို့ ဆားဗစ်သမား တော်တော်များ အကြိုက်တွေ.ပြီး
အ၀ယ်များတဲ့ box တစ်ခု ဖြစ်တဲ့ miracle box စတင် အသုံးပြုနည်းလေးကို ဝေမျှချင်ပါတယ်။သိပြီးသား
ဆရာများ အတွက် မရည်ရွယ်ပါ ဘောက်စ်ကို တစ်ခါမှ မသုံးဖူးသေးသူ အခုမှ ဘောက်စ် စတင် အသုံးပြုမယ့်သူများ
အတွက် ရည်ရွယ်ပါတယ်။ဆိုင်ကနေ ဘောက်စ်ရောင်းလိုက်ရင် ကျနော် အမြဲ စမ်းပေးပါတယ်
register လုပ်ပေးပါတယ်။ဝယ်သွားပြီးအိမ်လည်းရောက်လို့ စမ်းလည်းသုံးကြရော driver မသိတဲ့
error တွေ တက်ကြတယ်ခင်ဗျ။ကျနော်လည်း ပေးလိုက်တဲ့ box driver တွေ စမ်းတင်ကြည့်ခိုင်း
သေချာလေး စမ်းခိုင်းကြည့်ပါတယ် ။ detect မသိဘူး ဆိုတာတွေ ချည်းပဲ ဖြစ်တယ်ဗျ။ခေါင်းတွေ
မူးနောက်နေအောင် နည်းလမ်းတွေ စဉ်းစား အကြံပေးေ နာက်ဆုံးမှ error ၇ဲ့ အဖြေ ကိုတွေ့ရပါတယ်။
တစ်ချို.က
Box မှာ ပါတဲ့ pin out ခေါင်းလေးတွေ နဲ့ ဖုန်းကို box မှာ ချိတ်ရမယ် ထင်ပြီး box မှာ
ဖုန်းကို သွားချိတ်ကြပြီး driver မသိဖြစ်ကြတာပါ ။ တကယ်က miracle box မှာ မချိတ်ရပါဘူး ကွန်ပျူတာက ထွက်တဲ့ Usb cable
နဲ့ ချိတ်ရပါမယ် ။ (pinout တွေ နဲ့ ချတ်ဆက်အသုံးပြုတယ် ဆိုရင်တော့ box မှာ ချိတ်ရပါမယ်
ကျနော် တော့ အဲလို မသုံးတတ်သေးပါဘူး)။
1.Miracle box စတင် အသုံးပြုခြင်း register လုပ်ခြင်း
Miracle
Setup file ကို install လုပ်ပါမယ်။Miracle driver များ miracle mobile driver file
လေးများ အားလုံး ကို Install လုပ်ထားပါမယ် ခင်ဗျာ။ box ထဲကနေ setup file မပါပါဘူး။သူများဆီက ကူးလာတာဖြစ်စေ လိုင်းပေါ်ကဖြစ်စေ
ဒေါင်းလုပ်ဆွဲထားရပါမယ် ခင်ဗျာ။(သိတဲ့ သူတွေအတွက်တော့ ဒါထိပြောတာ ရီစရာ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်
box ထဲမှာ setuo file မပါလာလို့ ဆိုပြီး ၇န်ပါလုပ်ခံရဖူးလို့ပါ ခင်ဗျ)
Miracle
set up ကို install လုပ်ပြီးရင် box ကို box cable နဲ့ ကွန်ပျူတာ မှာ ချိတ်ပါမယ်။အပြာရောင်
မယ်မီု၇ီ စတစ်လို dongle လေးကို ကွန်ပျူတာမှာ ထိုးပမယ် ။နောက်ပိုင်းဝင်လာတဲ့ box တွေမှာ
box မှာပါတဲ့ Usb အပေါက်မှာလည်း အဲ့ဒီ dongle လေးထိုးလို့ရပါတယ်။ အသုံးပြုမယ့် ကွန်ပျူတာမှာ
internet ရှရပါမယ်။Antivirus software တွေ နဲ့ ငြိ တတ်ပါတယ်။ပိတ်ဖို့ လိုအပ်ရင် ပိတ်ထားရပါမယ်။
Miracle
setup file ကို ဖွင့်ပြီးသည်နှင့် Register လုပ်ပါမယ်။About>Registration ကိုသွားပါမယ်။Registration
Detail မှာ လိုအပ်တဲ့ အရာတွေ ဖြည့်ပါမယ်။
Username password(ပေးချင်တာပေးပါ)Email Mobile Num ကတော့
အဆင်ပြေပြေဖြည့်လို့ရမှာပါ။ Country & Delear မှာ China GSM Source ကို ရွေးပါမယ်။Register
တစ်ချက်နှိပ်လိုက်ပါ ။Successful message ပေါ်လညသည် နှင့် register လုပ်ခြင်း ပြီးဆုံးပါပြီ။
ပုံ၁
Register လုပ်ပြီး
သည်နှင့် check/Update Dongle ကို တစ်ချက်နှိပ်ပေးပါ။
ပုံ၂
Run နေသော
Miracle application ကို ပိတ်ပါမယ်။ပိတ်ပြီး ပြန်ဖွင့်ပါမယ်။ About ထဲက About ကိုဆက်သွားပါမယ်။Repair
firmware ကို click ပါမယ်။
ပုံ၃
ခဏစောင့်ပါ
Check Authentication အစရှိသည်များ သူ့အလိုလို run ပြီးသည် နှင့် Miracle software
ကို စတင် အသုံးပြလို့ရပြီ ဖြစ်ပါသည်။
MTK devices
MTK
devices များကို firmware full files
backup ထုတ်နည်းလေး ပြောပြပါမယ် ခင်ဗျ။MTK > Services ကို သွားပါမယ် read ကိုဆက်သွားပါမယ်။Boot Select မှာ 8th
Boot ကိုရွေးထားပါမယ် ( တခါတလေ 11 boot 4
boot စသဖြင့် လိုအပ်ပါက ရွေးရပါသည် ပုံသေ မမှတ်စေလိုပါ) All ကို အမှန်ခြစ်ထားပေးပါ။
Save as scatter file ကို အမှန်ခြစ်ထားပေးပါ။USB cable ကိုအမှန်ခြစ်ထားပေးပါ။Start
button ကို နှိပ်ပါ။ power off ထားသော Mtk ဖုန်းကို usb ကြိုးထိုးပြီး ဘက်ထ၇ီထိုးထည့်လိုက်ပါ
(သို့) ဘက်ထ၇ီ ထည့် ထားပြီး vol- နှိပ်ပြီး ကြိုးထိုးပါ (သို့)Vol + နှိပ်ပြီး
I FIX MYANMAR Ads
ကြိုးထိုးပါ
(သို့) Vol + Vol - နှိပ်ပြီး ကြိုးထိုးပါ (သို့) Miraclr boot Jitg လေးကို usb ကြိုးထိပ်မှာ
တပ်ပြီး ဘက်တရီထည့်ပြီး ပါဝါပိတ်ထားသော ဖုန်းကို ထိုးပါ။ဖုန်းကို detect သိသွားပြီးသည်နှင့်
read လုပ်လိုသော အပိုင်းမှားကို အမှန်ခြစ်ရွေးစရာ ပေါ်လာပါလိမ့်မည် bakup up ယူမည့်
အပိုင်းများ အမှန်ခြစ်ထားပြီးယူရပါမည်။(အရေးတကြီး ယူရမည့် ဖိုင် partition များမှာ
auto အမှန်ခြစ်ထားပြီးဖြစ်ပါသည်။) ထို့နောက် မိမိ ဖန်းဝဲ ထားမည့်နေရာ ကိုေ၇ွးပေးပါ။ခဏ
အကြာမှာ ရွေးထားသော ဖိုဒါ ထဲ မှာ full backup firmware ရပါပြီ။
ပုံ၎
Backup ထုတ်ထားသော ဖန်းဝဲ ကို ဘယ်လို ပြန်ရေးမလဲ?
ပုံ၅
MTK >
Services> Write ကိုသွားပါ။ Boot Select မှာ 8th Boot ကိုရွေးထားပါမယ်
( တခါတလေ 11 boot 4 boot စသဖြင့် လိုအပ်ပါက
ရွေးရပါသည် ပုံသေ မမှတ်စေလိုပါ)ဖိုဒါ ပုံလေးမှ သွားပြီး မိမိရေးလိုသော ဖန်းဝဲ မှ
scatter file ကိုရွေးပေးပါ။ Bin file firmware ဖြစ်ပါက bin file ကိုရွေးပေးပါ။Start
buttom ကို နှိပ်ပါ။backup ထုတ်စဉ်ကအတိုင်း devices နှင့် ချိတ်ဆက်ပါ။ရေးသွားပါလိမ့်မည်။
Mtk
devices တွေကို root မယ် patterm read မယ်။usb debugging on မယ်။baseband unknown
fix မယ်။
MTK>Unlock/Fix
ကို သွားပါ။8th boot ကိုရွေးထားပါ။လုပ်လိုသော function ကိုရွေးပါ။
Start buttom ကို နှိပ်ပါ။power off ထားသော Mtk ဖုန်းကို usb ကြိုးထိုးပြီး ဘက်ထ၇ီထိုးထည့်လိုက်ပါ
(သို့) ဘက်ထ၇ီ ထည့် ထားပြီး vol- နှိပ်ပြီး ကြိုးထိုးပါ (သို့)Vol + နှိပ်ပြီး ကြိုးထိုးပါ
(သို့) Vol + Vol - နှိပ်ပြီး ကြိုးထိုးပါ (သို့) Miraclr boot Jitg လေးကို usb ကြိုးထိပ်မှာ
တပ်ပြီး ဘက်တရီထည့်ပြီး ပါဝါပိတ်ထားသော ဖုန်းကို ထိုးပါ။ဖုန်းကို detect သိသွားပြီးသည်နှင့်
လုပ်လိုသော function ကို ဆက်လုပ်သွားပါမည်။
Andriod
Adb Mode
Adb Mode အတွက်
လည်း တော်တော်လေး အသုံးဝင်ဝင် ထည့်ထားတာ တွေ.ရမှာပါ။ usb debugging on ထားပြီး adb
ပေါ်မှာ drive သိတဲ့ devices မှန်သမျှ ဒီ Adb Modes မှာ ပါတဲ့ function များ သုံးလို့ရမှာပါ။
1.Reboot
to recovery -recovery mode ၀င်ဖို့ ခက်နေတဲ့
ဖုန်းများအတွက် adb mode မှာ detect သိတယ်ဆိုရင် one click နဲ့ recovery
mode ကို ရောက်သွားစေမှာပါ။
2.Wipe/factory
reset- factory reset ချပေးမှာပါ.။
3.Reset
gmail- gmail ကို reset ချပေးစေမှာပါ။
4.Read
Patterm Code –patterm lock ခတ်ထားတဲ့ ဖုန်းတွေ ရဲ့ patterm ကို ဂဏန်း နဲ့ သိရအောင်
ဖတ်ပေးမှာပါ(usb debugging မ on ထားလဲ တစ်ချို့ ဖုန်း တစ်ချို့ vrsion တွေ မှာ ရပါတယ်။)
5.Reboot
fastboot – one click တစ်ချက် နဲ့ fastboot mode ကို ရောက်သွားစေမှာပါ။
6.ROOT(ADB)-root
ဖောက်ပေးမယ့် function ပါ။
7.Read
Nvram/Write Nvram- Nvram တွေ read write လုပ်နိုင်ပါမယ်။
8.Google
Lock remove,Unstall apk,Read gmail ID,backup contacts,Restore contacts,backup
App,Restore App,Enable Diag,Repair wifi (MTK),Enable All language,Motorolas FRP
reset အစ၇ှိတဲ့ function တွေ အများကြီး သုံးလို့ရမှာပါ။ဒါတွေကတော့ စမ်းသာ ကြည့်ကြစေလိုပါတယ်
။ :P :P :P :P :P
Fastboot modes
Fastboot
mode ကို ၀င်ပြီးတော့လည်း Wipe Userdata ,Wipr cache,Write Data (System, boot,
recovery …etc) ,Unlock bootloder,Lock bootloader ,လုပ်နိုင်ပါမယ်။
ပုံ၆
Samsung
Samsung
အတွက်လည်း Sprit Unlock, firmware flashing,Backup Efs,Restore efs,Reset Phone
lock အစရှိသဖြင့် function တွေ အများကြီး ပါတဲ့ အနက်မှ အခုလောလောဆယ် အသုံးဝင်တဲ့ အဆင်ပြေဆုံး
အရာလေးတစ်ခုကတော့ Samsung device တွေမှာ Frp lock remove ပါ။Otg stick support ပေးတဲ့
devices တွေ အတွက် frp lock ကလွယ်ပေမယ့် Otg support မပါတဲ့ devices တွေ အတွက်ကတော့
စိတ်ညစ်စရာပါ။Samsung frp lock တော်တော်များများကို miracle က လွယ်ကူစွာ ဖျက်ပေးနိုင်ပါတယ်။
1.Devices
ကို download mode ၀င်ပါ။
2.
PC နဲ့ ချိတ်ဆက်ပါ။SCAN (port ) ပါ။ Mode မှာ downloadmode ၀င်ပါ။
3.Reset
Frp ရွေးထားပါ။
4.Usb
cableေ၇ွးထားပါ။
5.
And then Start Button.Successfully Remove Frp.
ပုံ၇
ဒါတွေက
အသုံးများတဲ့ အရာတွေကို ကျနော် သိသလောက်လေးပြောပြတာပါ။မျက်စိနောက်စရာ ဖြစ်ခဲ့ရင် အမှားများပါခဲ့ရင်
တောင်းပန်ပါတယ်။နောက်ထပ် အသုံးပြုလို့ရတဲ့ function တွေ solution တွေ အများကြီးကျန်ပါသေးတယ်။
MTK
devices တွေ လိုပဲ SPD devices တွေကိုလည်း read နိုင် write နိုင်ပါသေးတယ်။CDMA
/Qualcom/ LG devices တွေ အတွက်လည်း error တစ်ချို့ကို ၇ှင်းနိုင်ပါသေးတယ်။Coolsand/RDA,Master/W
,blackberry တို့ကိုလည်း software error အချို. ၇ှင်းပေးနိင်ပါသေးတယ်။ စိတ်ပါဝင်စားသူများ
ဆက်လက်လေ့လာပြီး အသုံးပြုနိုင်ပါတယ်။သိတဲ့ ဆရာများလည်း ဝေမျှစေလိုပါတယ်။ဆိုင်မှာ ကြုံတွေ့
ရတဲ့ box စ အသုံးပြုတဲ့ သူများ အတွက် ရည်ရွယ်ပြီး သိသလောက်လေး ရေးထားတာ ဖြစ်တဲ့ အတွက်
အမှားများ လိုအပ်ချက်များ ပါရှိပါက ဆ၇ာများကို အနူးညွတ်တောင်းပန်ပါရစေဗျာ။
ဆရာများကို လေးစားလျှက်
တေဇာအောင်
(sky mobile)
Miracle Box အသုံးပြုနည်း (For Beginner )
Reviewed by Free Sharing
on
1:16 AM
Rating:
No comments:
Post a Comment